Google Analytics in Burmese [Unicode]

Google Analytics အကြောင်းသိကောင်းစရာ [written in Unicode]

မင်္ဂလာပါ ဒီတစ်ခါတော့ ဒီ blog မှာ ပထမဆုံး မြန်မာလိုရိုက်ပြီးတင်တဲ့ ပို့စ်အနေနဲ့ Google Analytics ဆိုတဲ့ service / tool အကြောင်းရေးပါမယ်။

မြန်မာလိုရိုက်ရတာ မရိုက်တာကြာလို့ရယ် ဇော်ဂျီအကွက်ကို အလွတ်မရတာတော့ စာလုံးပေါင်းနဲ့ ၀ါကျအထားအသိုအမှားပါရင် သည်းခံစေလိုပါကြောင်း 😀 😀

Google Analytics ဆိုတာ ဘာလဲ

Google Analytics က ဘာလဲ ဆိုတော့ အရိုးရှင်းဆုံးပြောရရင် analytics measurement tool တစ်ခုပါ အဓိကကတော့ website တွေနဲ့ app တွေအတွက် အသုံးများပါတယ် တခြား ကိုယ်သုံးရင်သုံးတတ်သလို အင်တာနက်ချိတ်ထားတဲ့ ဘယ် device မဆို ဒီ tool ကို သုံးပြီး track လို့ရပါတယ်

ဘာလို့ ဒီ tool က တခြား tool တွေနဲ့စာရင် အသုံးများသလဲဆိုတော့ (တခြား tool တွေလဲရှိပါတယ် for example, Adobe Analytics, Kissmetrics, Mixpanel etc)

  • Free ပါ။ ပိုပြီး တိတိကျကျပြောရရင်တော့ freemium model ပါ (ဆိုလိုတာကတော့ အတိုင်းအတာ တစ်ခုအထိ အလကားသုံးလို့ရပါတယ် ကျော်သွားရင်တော့ ၀ယ်ရပါမယ်။ အတိုင်းအတာဆိုတာတော့ ကိုယ့် ဆိုက်ပေါ်မှာ hit ဘယ်လောက်ရလဲ မူတည်ပါတယ် above 10 mil hits per month ဆိုရင်တော့ အလကားမရတော့ပါဘူး)
  • သုံးရတာ တော်တော်လေး လွယ်ကူပါတယ် (install လုပ်ဖို့ဆို မိနစ်ပိုင်းအတွင်းနဲ့ လုပ်လို့ရပါတယ်။ ပြီးတော့ online မှာ အသုံးပြုပုံ guide တွေ ရှာရတာ အရမ်းလွယ်ပါတယ်။)
  • နောက်ဆုံးတစ်ချက်က ကိုယ်ပိုင်အမြင်နဲ့ပြောရရင် Google ကြောင့်ပါ။ ဒီ tool က Google ecosystem ထဲမှာရှိတဲ့အတွက်ကြောင့် တခြား Google ပိုင် tools တွေနဲ့ ကောင်းကောင်းအလုပ်လုပ်ပါတယ် (for example, Google AdWords, DoubleClick etc) (ဒီအကြောင်းကို နောက်မှ သက်သက်ထပ်ရေးပါဦးမယ်)

Google Analytics အကြောင်းမပြောခင် ဒီ tool ဘာလို့ လိုအပ်လဲ ဘယ်လိုပေါ်လာလဲဆိုပြီး နဲနဲတော့ ပြောရပါမယ်။ Google Analytics – GA လို့လဲ အတိုကောက်ခေါ်ပါတယ်။ ဒီ GA မပေါ်ခင်တုန်းကဆို ကိုယ့်မှာ ၀က်ဆိုက်တစ်ခုရှိပြီဆို အဲဆိုက်ပေါ်ကို လူဘယ်နှစ်ယောက်လာလဲဆိုတာကို server logs တို့ဘာတို့သုံးပြီးကြည့်ရတယ် ကျနော်တော့ အဲဒီခေတ်တော့ မမှီလိုက်ဘူး 😀 ဒါပေမယ့် ဘယ်လောက်ခက်မလဲ စဉ်းစားလို့ရပါတယ်။ GA ပေါ်လာပြီးနောက်မှာတော့ ဘာမှ မလိုတော့ပဲနဲ့ code တစ်ခု သွင်းလိုက်ရုံနဲ့ ကိုယ့်ဆိုက်ပေါ်မှာ ခု လူဘယ်နှစ်ယောက်ရှိနေပြီ ဘယ်စာမျက်နှာတွေ ဖတ်နေပြီ ဘယ်လောက် အချိန်ကြာသွားလဲ ဘယ်ဆိုက်တွေက ကိုယ့်ဆိုက်ဆီ လူတွေလာအောင် လုပ်ပေးနေလဲ အဲလို information အကုန်လုံးကို reporting system တစ်ခုထဲကနေ အကုန်ကြည့်လို့သွားပါတယ်

Google Analytics ဘယ်လို အလုပ်လုပ်သလဲ

GA ကို install မလုပ်ခင် သိရမှာက GA code အကြောင်းပါ။ ဒီ code က JavaScript code ပါ။ GA account sign up လုပ်လိုက်ပီဆိုတာနဲ့ အဲ code တစ်ခုရပါမယ် (code နမူနာ ကြည့်ပါ)

<script>

 (function(i,s,o,g,r,a,m){i[‘GoogleAnalyticsObject’]=r;i[r]=i[r]||function(){

 (i[r].q=i[r].q||[]).push(arguments)},i[r].l=1*new Date();a=s.createElement(o),

 m=s.getElementsByTagName(o)[0];a.async=1;a.src=g;m.parentNode.insertBefore(a,m)

 })(window,document,’script’,’https://www.google-analytics.com/analytics.js’,’ga’);

 

 ga(‘create’, ‘UA-XXXX-X’, ‘auto’);

 ga(‘send’, ‘pageview’);
</script>

UA-XXXX-X က နမူနာပြထားတာပါ အကောင့် sign up လုပ်ပြီးရင် အဲ UA number တွေရပါလိမ့်မယ်

Install လုပ်ချင်ရင် အဲ JavaScript ကို copy လုပ်ပြီး ကိုယ့်ဆိုက်ရဲ့ header file မှာ paste လုပ်လိုက်တာနဲ့ install ပြီးသားဖြစ်သွားပါလိမ့်မယ် ဒါပဲ လုပ်စရာရှိတယ် ပြီးတာနဲ့ GA မှာ data စပြီး collect လုပ်ပါပြီ

Tips:

  • ကိုယ်က ဆိုက်ပိုင်ရှင်ဆိုရင် Google Analytics အကောင့်ကို ကိုယ်တိုင် sign up လုပ်ပါ (Google အကောင့်ရှိတာနဲ့ analytics.google.com မှာ လုပ်လို့ရပါတယ်)
  • ဘာလို့ ကိုယ်တိုင်လုပ်ခိုင်းလဲ development agency ကလုပ်ပေးလို့မရဘူးလားဆိုတော့ရပါတယ် ဒါပေမယ့် ကိုယ်ကနောက်ပိုင်း agency ပြောင်းသွားရင် ဒီ GA account က သူတို့ပိုင်တာဖြစ်တဲ့အတွက် ကိုယ့် data ကိုယ်မပိုင်တော့တဲ့ အခြေအနေရောက်သွားနိုင်ပါတယ်။ တခြား tool နဲ့မတူတာက GA က Google tool ဖြစ်တဲ့အတွက် Google Account နဲ့ပဲ link ထားပါတယ် လွှဲပေးလို့မရပါ
  • GA script ကို header မှာပဲ ရေးဖို့ အကြံပေးပါတယ်။ တခြားနေရာမှာ ထားလို့မရဘူးလားဆိုတော့ရပါတယ် ဒါပေမယ့် header မှာ ထားဖို့လိုပါတယ် ဘာလို့လဲဆိုတော့ page တစ်ခု စတက်တာနဲ့ code execution က header ကစပါတယ် GA code က header မှာရှိနေရင် သူက အရင် data collect လုပ်လို့ရပါတယ် header မဟုတ်ပဲ တခြားနေရာမှာဆိုရင် page load နေတုန်း သုံးနေတဲ့လူက နောက်တစ်ခုခု လုပ်လိုက်ရင် (for example, clicking on links or loading another page) GA code execute မဖြစ်တဲ့အတွက် data collect လုပ်လို့မရပါဘူး

GA က data ဘယ်လို collect လဲ

အပေါ်မှာ ရေးထားတဲ့ JS သွင်းပြီးသွားတာနဲ့ ကိုယ့်ဆိုက်မှာ GA data စ collect ပါပြီ။ သူက first-party cookie သုံးပြီး collect လုပ်ပါတယ် ဆိုလိုတာက လူတစ်ယောက်က ကိုယ့်ဆိုက်လာရင် သူ့ရဲ့ browser ထဲမှာ GA က cookie စချပါတယ် အဲ cookie က အကျဉ်းချုံးပြောရရင်တော့ browser နဲ့ပတ်သက်တဲ့ အချက်အလက်တွေ (browser version, language) သုံးတဲ့လူရဲ့ system နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ (system information, operating system, language, device information) တခြား browser က ပေးနိုင်တဲ့ အချက်အလက်တွေ (referrer information etc) အကုန်လုံး ကို GIF request အနေနဲ့ ပို့ပါတယ်

အသေးစိတ်သိချင်ရင် Google Developers site မှာ အသေးစိတ် Guide ဒီမှာရှိပါတယ်

ဒါမှ မဟုတ် ကိုယ်တိုင်လေ့လာချင်ရင် ဆိုက်တစ်ခုကို ဖွင့်လိုက်ပါ (for example, http://www.mmtimes.com/)

Google Chrome (or) Mozilla Browser Developer Console ကို ဖွင့်ပြီး Network requests panel ကိုသွားပါ

ပြီးရင် “collect” လို့ ရိုက်ရှာကြည့်ပါ

null

အဲဒီမှာ GA ကို ပို့နေတဲ့ hit requests တွေ အကုန်တွေ့ပါလိမ့်မယ် တစ်ခုကိုပဲ click ပြီး ကြည့်လိုက်ပါ

null

ဒီလိုမျိုးတွေ့ပါလိမ့်မယ်

ဒီဟာကတော့ pageview request ပါ ဘယ် page ကိုကြည့်နေတာလဲဆိုတဲ့ အချက်အလက်ရယ် ပြီးတော့ တခြား အချက်အလက်တွေလဲပါပါတယ် ဒီမှာတော့ အသေးစိတ်မရေးတာ့ဘူး tracking parameters တွေက ဘာလဲ ဘာကိုဆိုလိုလဲဆိုတာ ဒီ guide မှာ တွေ့နိုင်ပါတယ်

ဒီတစ်ပတ်တော့ ကျနော်ဒီလောက်ပဲ ရေးဦးပါမယ် နောက်တစ်ပတ်အချိန်ရရင်တော့ Google Analytics reporting system အကြောင်းရေးပါမယ်။ GA အကြောင်းက ဒီ blog post တစ်ခုထဲနဲ့တော့ မလုံလောက်ဘူး 😀 ရေးစရာတွေက အများကြီးပဲ ဒါပေမယ့် ဒီ post ကတော့ လုံးဝ မသိသေးသူတွေအတွက် ရည်ရွယ်ပါတယ်

Google ကိုယ်တိုင်ကလဲ training ရှိပါတယ် https://analyticsacademy.withgoogle.com/ မှာ သွားပြီးလေ့လာနိုင်ပါတယ် အကုန်လုံး အခမဲ့ပါ တခြားသိချင်တာရှိရင်တော့ ကျနော့်ဆီလဲ မေးလို့ရပါတယ် (ဒီပို့စ်အောက်မှာ comment ချန်ပြီးဖြစ်ဖြစ်)

Thanks for reading my long post 😀

Cheers

zkh

Recent Posts

Recent Comments

Archives

zinko Written by:

Hi, I am Zin Ko Hlaing. I'm a big fan of Manchester United and I occasionally write here. Full-time Football Manager player, part-time trying to understand the Internet. Opinions expressed are solely my own and do not express the views or opinions of my employer.

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.